နွေဦးတော်လှန်ရေးကာလမှာ ပြည်သူအားလုံးအတွက် အရေးပေါ် အခြေအနေ တွေမှာ အသုံးဝင်စေမယ့် “A Yay Paw-အရေးပေါ်”အက်ပလီကေးရှင်း ရယူနိုင်ပြီ ဖြစ်ပါ တယ်။
ဒီအက်ပလီကေးရှင်းကတော့ ထိရောက်လွယ်ကူတဲ့ အရေးပေါ် ရှေးဦးသူနာပြု နည်းလမ်းတွေကို မြန်မာပြည်သူပြည်သားတိုင်း ကိုယ်တိုင်အထိုက်အလျောက် လုပ် ဆောင်နိုင်စေဖို့ ရည်ရွယ်ရေးသားထားတဲ့ မိုဘိုင်းအက်ပလီကေးရှင်းတခု ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းတွေမှာ Android နဲ့ iOS ဗားရှင်း ၂ မျိုးလုံး အင်တာနက်မရရှိရင်တောင် အသုံးပြုနိုင်မှာဖြစ်ပြီး အရေးပေါ်အခြေအနေမှာ လိုအပ်တဲ့ ပစ္စည်းတွေ၊ နေရာယူတာ၊ လူနာဦးစားပေးအဆင့်ခွဲတာ၊ လူနာကို စတင်စစ်ဆေးတာ၊ မျက်ရည်ယိုဗုံး၊ ပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းရိုက်ခံရရင်၊ သေနတ်ထိမှန်ဒဏ်ရာ၊ အရိုးကျိုးဒဏ်ရာ၊ လူနာသယ်နည်း၊ မီး လောင်ဒဏ်ရာ စတဲ့ လိုအပ်တဲ့ အမျိုးအစားအလိုက် အသုံးတည့်လမ်းညွှန်ချက်တွေ ပါဝင် နေတာ ဖြစ်ပါတယ်။
ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်း၊ အိမ်တိုင်း၊ နေရာတိုင်းမှာ အရေးပေါ် ပြုစုစောင့် ရှောက်မှုတွေ ပေးနိုင်ဖို့ လူတိုင်းတတ်သိနားလည်ထားသင့်တဲ့ နည်းလမ်းတွေကိုလည်း အလျဉ်းသင့်သလို ထပ်မံဖြည့်စွက်ပေးသွားမှာဖြစ်ပြီး လိုအပ်ချက်တွေ၊ အကြံဉာဏ်တွေ လည်းပေးနိုင်တယ်လို့ ဆိုပါတယ်။
အသုံးပြုလိုသူတွေအနေနဲ့ ဖော်ပြပါလင့်ခ်-http://onelink.to/ayaypaw ကတဆင့် ဒေါင်းလုတ်ရယူနိုင်မှာ ဖြစ်ပါတယ်။