အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဂျပန် ဘုန်းတော်ကြီးတွေနဲ့ ဂျပန်နိုင်ငံသားတွေ၊ မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ စုစုပေါင်း ၂၀၀၀ လောက် ဒီကနေ့ ဧပြီ ၁၁ ရက်နေ့ တိုကျိုမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ငြိမ်းချမ်စွာ ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို ရှုတ်ချကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ဂျပန်ရောက်မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီးဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့က ဦးဆောင်ပြီး တိုကျိုမြို့မြန်မာသံရုံးရှေ့ဖြတ်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်ရောက်မြန်မာတိုင်းရင်းသားတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ရှုတ်ချ ဆန့်ကျင်ကြောင်းနဲ့ CRPH ကိုထောက်ခံအားပေးကြောင်းပြသချင်လို့အခုလို ပြုလုပ်ရတာပါလို့လည်း ဦးဆောင်သူတဦးဖြစ်တဲ့ မိုင်ကျော်ဦးက ဒီဗွီဘီကိုပြောကြားခဲ့ပါတယ်။
သတင်း/ဓာတ်ပုံ ဇော်ဇော်လှိုင်