ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က G-Z လူငယ်တွေဟာ ဧပြီ ၉ ရက်မနက်က စစ်အာဏာရှင်တော်လှန်ရေး အရုဏ်ဦးသပိတ်ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းကြီးအတိုင်း ရတနာမိုးဆီဆိုင်အနီးထိ စစ်အာဏာရှင် တော်လှန်ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပါ။
သပိတ်မှာ ပါဝင်တဲ့သူတွေကို ဝန်းရံပြည်သူတချို့က သောက်ရေသန့်တွေ၊ အချိုရည်တွေနဲ့ ဒံပေါက်ထမင်းဘူးတွေ လှူဒါန်းခဲ့ကြပြီး စစ်အာဏာရှင်တော်လှန်ရေး သပိတ်စစ်ကြောင်းကို အားပေးဝန်းရံခဲ့ပါတယ်။
ကွတ်ခိုင်မြို့က G-Z လူငယ်တွေဟာ စစ်အာဏာရှင် အလိုမရှိကြောင်း နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် ဆန္ဒထုတ်ဖော်နေကြသလို သပိတ်စစ်ကြောင်းကို စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက အင်အားသုံး လိုက်လံပစ်ခတ်ဖြိုခွဲပြီး ဖမ်းဆီးတဲ့အတွက် လူငယ်တချို့ ဖမ်းဆီးခံရတာတွေ ရှိပါတယ်။
ဓာတ်ပုံ - မိုင်းဘဉာဏ်(ကွတ်ခိုင်)