Home
မြန်မာသတင်း
စစ်ကောင်စီက အစားထိုးခန့်အပ်မည့် သံရုံးဝန်ထမ်း ၂ ဦးကို ဗီဇာထုတ်မပေးရန် ဂျပန်အစိုးရကို တောင်းဆို
DVB
·
April 8, 2021
169063932_10225895824160232_7967233799301573462_n

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ မြန်မာသံရုံးမှ CDM သံတမန် ၂ ဦးရဲ့ နေရာမှာ စစ်ကောင်စီက အစားထိုးခန့်အပ်ဖို့ ပြင်ဆင်နေတဲ့အတွက် သံတမန်ဗီဇာ ထုတ်မပေးရေး ဂျပန်အစိုးရကို တောင်းဆိုလှုပ်ရှားမှုတခု ပြုလုပ်နေပါတယ်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ်က ဝန်းထမ်းတချို့နဲ့   ပြည်ပမှာ တာဝန်ထမ်းဆောင် နေတဲ့ သံရုံးဝန်ထမ်းတချို့ပါ CDMလှုပ်ရှားမှုမှာ ပါဝင်လုပ်ဆောင်နေတာပါ။  

 ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ပထမ အတွင်းဝန် ဦးအောင်စိုးမိုး၊ ဒုတိယအတွင်းဝန် ဒေါ်အိန္ဒြာသန်း တို့ဟာလည်း ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့မှ စတင်ကာ ပြည်သူနဲ့အတူ CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်ရောက် မြန်မာအရေး လှုပ်ရှားနေသူ  ဦးကျော်ကျော်စိုးက “သူတို့ နှစ်ယောက်ကပြည်သူနဲ့အတူ အမှန်တရားဘက်ရပ်တည်ခဲ့တာ အခုတိုကျိုမြန်မာ သံရုံးက CDM သံတမန် ၂ ဦးရဲ့နေရာမှာ စစ်တပ်နဲ့နီးစပ်တဲ့သူ  စစ်တပ်နောက်ခံရှိတဲ့ ဝန်ထမ်းတွေ ကို အစားထိုးခန့်အပ်ဖို့ စီစဉ်နေတာကြားရတာကြောင့် ရန်ကုန်မြို့ရှိ ဂျပန်သံရုံးမှာလည်း သံတမန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားလာပါက ပယ်ဖျက်ပေးဖို့နဲ့ တိုကျို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း အစားမထိုးဖို့တို့ကို အင်တာနက်စာမျက်နှာများရှိ အကြံပေး စာတိုက်ပုံးအွန်လိုင်းမှတဆင့် ကန့်ကွက်မှုတွေ ပြုလုပ်နေကြတာ”လို့ ပြောပါတယ်။

အဆိုပါသံတမန် ၂ ဦးမှာ CDMလုပ်ခြင်းသာဖြစ်ပြီး အလုပ်ထွက်ခြင်းမဟုတ်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး CDMလှုပ်ရှားမှုလုပ်ဆောင်ခြင်းသာဖြစ်လို့  သံတမန် ၂ ဦးမှာ အခုအချိန်ထိ ပြည်သူ့အစိုးရက ဂျပန်နိုင်ငံသို့ တရားဝင် စေလွှတ်ခြင်းခံရသော သံတမန်ဝန်ထမ်းတွေ အဖြစ်ရှိနေဆဲဖြစ်ပါသည်။

လက်ရှိနိုင်ငံတကာရှိ မြန်မာသံရုံးတွေကနေ  CDM ဝင်သူနေတဲ့ သံရုံးဝန်ထမ်း အယောက်  ၃၀ လောက် ရှိနေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024