ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွဟာ ဘေးကင်း လုံခြုံနေရာတွေမှာ ခိုလှုံနေကြပြီး အချိန်ကြာလာတာနဲ့ အမျှ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။
လက်ရှိမှာ သောက်သုံးရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို သွားရောက်လှူဒါန်းနေတဲ့ အလိုတော်ပြည့် ကယ်ဆယ်ရေး တာဝန်ယူလုပ်ဆောင်တဲ့ အရှင်ကုမာရက ဒီဗွီဘီကို မိန့်ပါတယ်။
အလိုတော်ပြည့် ကယ်ဆယ်ရေးအနေနဲ့ မြောက်ဦး၊ ကျောက်တော်ရှိ ဒုက္ခသည် စခန်းတချို့ကို ဧပြီ ၆ ရက်မှ ၈ ရက်နေ့အထိ လိုအပ်နေတဲ့ ပစ္စည်းတချို့ သွားရောက် ကူညီပေးခဲ့ကြပါတယ်။
အဲ့ဒီလိုကူညီတဲ့နေရာမှာ ရုပ်ရှင်မင်းသား မင်းသမီးတွေနဲ့ အနုပညာရှင်တချို့လည်း ပါဝင် ကူညီ အားပေးစကားတွေ ပြောကြားခဲ့ကြပါတယ်။