မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးခံရသူ ၁၃ ယောက်ထိ ရှိပြီဖြစ်ပါတယ်။
ဇရပ်ကွင်းရွာမှာ ဧပြီ ၆ ရက် မနက်ပိုင်းကတည်းက အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်ရှာဖွေတာကြောင့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တက်ကြွလှုပ်ရှားနေသူ ၅ ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ ညပိုင်းမှာလည်း ထပ်မံရှာဖွေတဲ့အတွက် ၈ ယောက် ထပ်မံဖမ်းဆီးခံခဲ့ရပြီး စုစုပေါင်း ၁၃ ယောက်ထိ ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
အခုဆိုရင် သပိတ်ကျင်းမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တက်ကြွလှုပ်ရှားသူ ၂၁ ယောက်ထိရှိပြီဖြစ်ပြီး တကောင်းမှာ ၅ ယောက်။ ကြာညှပ်မှာ ၂ ယောက်၊ ၇ မိုင်ကျေးရွာ မှာ ၁ ယောက် နဲ့ ဇရပ်ကွင်းကျေးရွာမှာ ၁၃ ယောက်တို့ ဖြစ်ပါတယ်။