Home
မြန်မာသတင်း
ဖျာပုံမြို့၌ ရှေ့နေ ၁ ဦး၏ နေအိမ်ကို ရဲနှင့်စစ်တပ်က ဝင်ရောက်ရှာဖွေ
DVB
·
April 6, 2021
168876207_1082497185567957_6366228491422800603_n

 ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဧပြီ ၆ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူတွေဘက်က အမှုလိုက်ပေးနေတဲ့ ရှေ့နေရဲ့ နေအိမ်ကို ရဲနဲ့စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

ဖျာပုံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း  ဖမ်းဆီးခံရသူတွေကို အခမဲ့အမှုလိုက်ပေးနေတဲ့ ရှေ့နေ ၆ ဦး ရှိတဲ့ အထဲက ရှေ့နေ ဦးခင်မောင်လွင်ရဲ့ နေအိမ်ကို ရဲနဲ့စစ်သား ၃၀ လောက် ဝင်ရောက်ရှာဖွေခဲ့တာလို့  မျက်မြင်တွေ့သူက ဒီဗွီဘီကို ပြောပါတယ်။

"လာရှာတော့ လူတွေကဘာမှန်းမသိတော့ လန့်ကြတာပေါ့။ အများကြီးဝင်လာတာ ရှေ့နေ ဦးခင်မောင်လွင်ကတော့ လွတ်သွားတယ်။ အိမ်ကိုတော့ မွှေနှောက်သွားတာပေါ့''လို့ ပြောပါတယ်။

ရှေ့နေ ဦးခင်မောင်လွင်ရဲ့ နေအိမ်ကို ဝင်ရောက်ပြီး နေအိမ်အနှံ့ ရှာဖွေခဲ့သလို ဆိုင်ကယ်ကိုလည်း စစ်ဆေးသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖျာပုံမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ်ခဲ့လို့ ရဲနဲ့စစ်တပ်လက်ချက်ကြောင့် သေဆုံးသူ ၁ ဦးရှိပြီး ဖမ်းဆီးခံရသူ ၂၀ ဦးထက်မနည်းရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024