စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မှာ ပြည်သူတွေက ရဲစခန်းကို ဧပြီ ၅ ရက် မနေ့ညက ဝင်စီးပြီး ရဲ ၅ ယောက်ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဆန္ဒပြသူတွေကို ရဲက အကြမ်းဖက် ပစ်ခတ်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့တာကို မကျေနပ်တဲ့အတွက် ဝင်စီးခဲ့တာဖြစ်ပြီး ရဲစခန်းမှူးကတော့ ထွက်ပြေးလွတ်မြောက်သွားကာ ရဲ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အနီးအနားက ကျေးရွာတွေက ပြည်သူတွေ ပါတက်လာကြလို့ မြို့ပေါ်မှာ အခြေအနေတင်းမာနေသလို စစ်ကောင်စီဘက်ကလည်း မြို့ဘက်ကိုလာနေတာကြောင့် လမ်းတွေပိတ်ဆို့ထားကြပါတယ်။
ပင်လည်ဘူး ရဲစခန်းနဲ့ ထွေအုပ်ရုံး၊ တရားရုံး၊ စာရင်းစစ်ရုံးတွေလည်း မနေ့ညက မီးရှို့ခံထားရပါတယ်။
ပင်လည်ဘူးမြို့မှာ ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ငြိမ်းချမ်းစွာ ဆန္ဒပြနေတာဖြစ်ပါတယ်။ မနေ့ကတော့ ရဲနဲ့စစ်တပ်က ကျည်အစစ်နဲ့ ပစ်ခတ်လို့ လူသေဆုံးအပြီး ခုဖြစ်ရပ်ဖြစ်လာတာပါ။