Home
မြန်မာသတင်း
ပုသိမ်မြို့က တော်လှန်ရေးကာလကျဆုံးသူ ၁ ဦးလျှင် ကျပ် ၅ သိန်း CRPH ထောက်ပံ့
DVB
·
April 4, 2021
168889421_1080707699080239_1470451609145954604_n

ဧရာဝတီတိုင်း ပုသိမ်မြို့က နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ သူတွေအတွက် ၁ ဦးကို ကျပ် ၅ သိန်းစီ CRPH က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တော်လှန်ရင်း အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် ကျဆုံးခဲ့သူ ၈ ဦးကို CRPH Pathein မှာ ဧပြီ ၃ ရက်က သွားရောက်ထောက်ပံ့ပေးခဲ့တာပါ။

ပုသိမ်မြို့က သေဆုံးခဲ့သူ ၈ ဦးဟာ အသက် ၃၇ နှစ်ကနေ ၁၅ နှစ်ကြားဖြစ်ပြီး အသက် မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်ခဲ့လို့ ဖမ်းဆီးခံရသူ ၁၅ ဦးကျော်ရှိနေပြီ သေဆုံးသူ ၈ ဦးထိ ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် မသိလိုက်ဘဲ သေသွားတာတွေရှိနိုင်သလို အဖမ်းခံရ တာတွေလည်း ရှိနိုင်တယ်လို့ ဒေသခံ တွေကပြောဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024