အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းတဲ့ နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမတွေကို ပြည်သူ့ သစ္စာဖောက်အဖြစ် မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားထုက ကြေညာလိုက်ပါတယ်။
မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားတွေဟာ CDM မပါသေးတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်းပေးဖို့ အကြိမ်ကြိမ် တောင်းဆို တာလုပ်ဆောင်ပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။
ဧပြီ ၂ ရက်နေ့အထိ ထုတ်ပြန်မှုအရ Civil ၊ EC ၊ အင်္ဂလိပ်စာနဲ့ IT ဌာနက ပါမောက္ခ၊ ဌာနမှူးတွေ အပါအဝင် ဆရာ၊ ဆရာမ ၃၈ ဦးကို ပြည်သူ့ သစ္စာဖောက်အဖြစ် ကြေညာလိုက်တာပါ။
မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားတွေဟာ အကြမ်းဖက် စစ်ကောင်စီကို လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တာတွေ လုပ်ဆောင်နေသလို ရတဲ့နည်းနဲ့ တော်လှန်နေကြတာပါ။