Home
မြန်မာသတင်း
ကောလင်းမြို့နယ် NLD ပါတီ အတွင်းရေးမှူး၏ သားဖြစ်သူ ဖမ်းဆီးခံရ
DVB
·
March 31, 2021
167675561_2764758233740848_575856052599478827_n

ကောလင်းမြို့နယ် NLD ပါတီ အတွင်းရေးမှူးရဲ့သားဖြစ်သူ ကိုစောရန်နောင်ကို ဖခင်ဖြစ်သူနဲ့ ညီဖြစ်သူရဲ့ အငြိုးကြောင့် ဖမ်းဆီးခံရပြီး ကသာအချုပ်ထောင်မှာ ပုဒ်မ၅၀၅(က) နဲ့ တရားစွဲ ချုပ်နှောင်ထားတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။ 

ကိုစောရန်နောင်ဟာ မတ်လ ၂၇ ရက်နေ့က အလုပ်ကအပြန် အာဏာသိမ်း စစ်ကောင်စီရဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ကိုစောရန်နောင်ရဲ့ဖခင်ဟာ ​ကောလင်းမြို့နယ် NLD ပါတီ အတွင်းရေးမှူး တစ်ဦးဖြစ်သလို ညီဖြစ်သူ ကိုစောရန်နိုင်ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူတစ်ဦးဖြစ်တာကြောင့် ဒီအငြှိုးတွေနဲ့ဖမ်းဆီးခံရတာလို့ မိသားစုဝင်တဦးက ပြောပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်တွေအရ ကိုစောရန်နောင်ရဲ့ဖခင်နဲ့ညီဖြစ်သူကို ပစ်မိန့်ပေးထား ကြောင်းလည်း မိသားစုဝင်တဦးက ပြောဆိုထားပါတယ်။ ကိုစောရန်နောင်နဲ့အတူ ၃ ဦး ဖမ်းဆီးခံရပြီး အသက် ၁၆ နှစ်မပြည့်သေးသူ တဦးလည်း ပါဝင်တယ်လို့ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024