စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ကျွန်းလှ၊ ကန့်ဘလူ၊ ဇီးကုန်း မြို့သုံးမြို့က ပညာရေးဝန်ထမ်းတွေ စုပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အသွားအပြန် မိုင် ၁၀၀ ကျော် သပိတ်စစ်ကြောင်းကို မတ်လ ၃၀ ရက်နေ့က ချီတက်ခဲ့ကြပါတယ်။
မြို့အလိုက် အကြမ်းဖက်စစ်အုပ်စုက သင်တန်းပေးနေတဲ့ ကျောင်းတွေမှာ သင်တန်းတက်နေကြတဲ့ ပညာရေးဝန်ထမ်းတွေကိုလည်း ကျောင်းရှေ့သွားရောက်ကာ ဆန္ဒပြခဲ့ကြပါတယ်။
ဇီးကုန်းမြို့ကစတင်တဲ့ ပညာရေးသပိတ်စစ်ကြောင်းက ကန့်ဘလူမြို့ကိုဖြတ်ကာ ကျွန်းလှမြို့အထိ ချီတက်ခဲ့ပြီး ကျွန်းကလှတဆင့် ဇီးကုန်းမြို့ကို ပြန်လည်ထွက်ခွာခဲ့တာပါ။
ဒီပညာရေးသပိတ်စစ်ကြောင်းကို ဆရာ၊ ဆရာမ ရာနဲ့ချီပါဝင်ခဲ့သလို လမ်းတလျှောက်က ပြည်သူတွေကလည်း ဝန်းရံ လိုက်ပါခဲ့ကြပါတယ်။
ကန့်ဘလူခရိုင်အတွင်းမှာတော့ နေ့စဉ်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်နေပေမယ့် အကြမ်းဖက်ဖြိုခွဲတာမျိုးတွေတော့ မကြုံတွေ့ရသေးပါဘူး။