ဧရာဝတီတိုင်း ပုသိမ်မြို့ပေါ် ရပ်ကွက်တချို့မှာ မတ်လ ၃၀ ရက် မနက်က အကြမ်းဖက် ရဲနဲ့ စစ်တပ်က အိမ်တွေကို ဝင်ရောက်စစ်ဆေးနေတယ်လို့ မြို့ခံပြည်သူတွေထံက သိရပါတယ်။
“ဒီနေ့မနက်ပိုင်းထဲက လမ်းသွားလမ်းလာတွေကို စစ်တာတွေလည်းရှိတယ်၊ သူတို့ လမ်းတချို့မှာ အိမ်တွေလိုက်စစ်တာတွေလည်းရှိတယ်။ ဘာအတွက်လုပ်တာမှန်းမသိဘူး” လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၂၇ ရက် မနက်ပိုင်းနဲ့ ညဘက်မှာ ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
မတ်လ ၂၉ ရက်နေ့ကလည်း ပုသိမ်မြို့ ဘန့်ဘွေးကုန်း၊ ဝါးပွဲရုံထိပ်နေရာတွေမှာ ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး ပြည်သူတွေ တားဆီးထားတဲ့ အရံအတားတွေကို အကြမ်းဖက်အဖွဲ့က ဖျက်ဆီးခဲ့ပါတယ်။