စစ်သူကြီးမဟာဗန္ဓုလမွေးရပ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ငပယင်းကျေးရွာမှာ မတ်လ ၂၉ ရက်နေ့က စစ်အာဏာရှင်အမြန်ကျဆုံးစေဖို့ ဒေသခံပြည်သူတွေစုပေါင်း ကျိန်စာတိုက်ခဲ့ကြပါတယ်။
ကျိန်စာတိုက်ပွဲအပြီးမှာ ဒီမိုကရေစီတောင်းဆိုရင်း ကျဆုံးသွားခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေ အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။
စစ်အာဏာရှင်တွေကို ကျိန်စာတိုက်ပွဲက ကန်တော်ရှင်မ နတ်နန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျဆုံးသွားတဲ့ ဒီမိုကရေစီအာဇာနည်များအတွက်ဆုတောင်းပွဲကိုတော့ မဟာဗန္ဓုလ စေတီတော်မြတ်မှာပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံပြည်သူက ပြောပါတယ်။