Home
မြန်မာသတင်း
တပ်မဟာ ၅ နယ်မြေ ဒေပူနိုရွာကို အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံ တိုက်ခိုက်
DVB
·
March 29, 2021
165311080_1196244950789035_5346909329989094101_n

ကရင်ပြည်နယ် ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဒေပူနိုရွာကို  စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့က မတ်လ ၂၈ ရက် ညပိုင်းကစပြီး ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ကေအန်ယူ သတင်းပြန်ကြားရေး တာဝန်ရှိသူကို ဆက်သွယ် မေးမြန်းရာမှာ ပစ်ခတ်မှုတွေရှိခဲ့တယ်ဆိုတာသာ ကြားသိရပြီး ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ သတင်းအတိအကျ မသိရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။  

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်က သီးမူထာ အခြေစိုက်တပ်စခန်းကို မတ် ၂၇ ရက်နေ့ မနက်က  KNU  တပ်မဟာ ၅ တပ်ဖွဲ့က တက်ရောက်သိမ်းယူပြီးနောက် အဲ့ဒီနေ့ညမှာပဲ လေယာဉ် ၂ စင်းနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ အရပ်သားပြည်သူတွေနေထိုင်တဲ့ အိုးအိမ်တွေပျက်စီးခဲ့ကာ ရွာသား ၃ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။ 

မတ်လ ၂၈ ရက်ညမှာလည်း အခုလိုထပ်မံ ပစ်ခတ်မှုတွေရှိခဲ့ပြီး နောက်ထပ်လည်း ကျေးရွာတွေထဲ ပစ်ခတ်မှုတွေ ရှိလာနိုင်တဲ့အတွက် ဒေသခံရွာသား ၃၀၀၀ လောက် သံလွင်မြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဘက်နဲ့ တောတောင်တွေထဲ ထွက်ပြေးခိုလှုံနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024