မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းကုန်ကြီးကျေးရွာမှာ မတ် ၂၇ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၁ ဦး ကျဆုံးခဲ့တယ်လို့သိရပါတယ်။
စစ်ဏာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ပစ်ခတ်နှိမ်နင်းတာကြောင့် ကျောင်းကုန်းကြီးကျေးရွာက အသက် ၃၈ နှစ်အရွယ် ကိုမင်းဇော်ထွေး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတွေက စာသောက်ဆိုင်ထဲကိုဝင်ရောက်ပြီး အမျိုးသာ ၆ ယောက်ကို ဖမ်းဆီးခဲတယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာတွေမှာ အသွင်သဏ္ဌာန်မျိုးစုံနဲ့ စစ်အာဏာရှင်ကျဆုံးရေးအတွက် နေ့စဥ် ချီတက်ဆန္ဒပြနေတယ်လို့ သိရပါတယ်။