မိုးညိုသပိတ်ဖြိုခွင်းခံရပြီး ၁ ဦး ကျဆုံး
DVB
·
March 28, 2021
ပဲခူးတိုင်း၊ မိုးညိုမြို့မှာ မတ် ၂၇ ရက်နေ့က စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြ ဆိုင်ကယ်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး ၁ ဦးကျဆုံးခဲ့ပါတယ်။
သေဆုံးသူ ရဲထက်(ခေါ်)ကောင်းမြတ်သူ (၂၆) ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခြင်းမရှိဘဲ နေအိမ်ဆိုင်ရှေ့မှာ ပစ်ခတ်ခံရပြီး ဆီးခုံကိုထိမှန်ကာ သေဆုံးခဲ့တာလို့ သိရပါတယ်။
ကိုကောင်းမြတ်သူဟာ သံလျင်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာန ကျောင်းသာဟောင်းတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။