စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့က စစ်အာဏာဆန့်ကျင်ရေး CDM ပြုလုပ်တဲ့ ထွေ/အုပ် ဝန်ထမ်းနှစ်ဦးကို မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်တယ်လို့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မုဆိုးခြုံကျေးရွာအုပ်စုက အငယ်တန်းစာရင်း ဦးစိုးမြင့်နဲ့ ဖွတ်လိုင်းကျေးရွာအုပ်စုက ဦးအောင်သူဖြိုးတို့နှစ်ဦးကို နိုင်ငံ့ဝန်ထမ်းဉပဒေ ပုဒ်မ ၃၈၊ နိုင်ငံဝန်ထမ်းနည်းဉပဒေများအပိုဒ်၁၆၃၊ အပိုဒ် (ဖ) တို့ပါ အချက်များကို မလိုက်နာဘဲ ခွင့်မဲ့ပျက်ကွက်တဲ့အတွက် ထုတ်ပယ်လို့တာလို့ ဆိုပါတယ်။
ချမှတ်တဲ့ ပြစ်ဒဏ်အား ကျေနပ်မှုမရှိပါက နိုင်ငံဝန်ထမ်းဉပဒေ အပိုဒ် ၂၂၀ နဲ့အညီ ၆ လအတွင်း အယူခံလွှာ တင်သွင်းနိုင်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ထုတ်ပြန်ထားတာပါ။
ဝက်လက်မြို့မှာ ထွေအုပ်ဝန်ထမ်းပေါင်း ရာဂဏန်းအထိရှိပေမဲ့ စစ်အာဏာဆန့်ကျင် CDM ပြုလုပ်သူ နှစ်ဦးသာရှိတာ ဖြစ်ပါတယ်။