ပုဇွန်တောင်မြို့နယ်က ပြည်သူတွေစုပေါင်းပြီး မတ်လ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်က ဒူးထောက်ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဒီကမ်ပိန်းမှာ ပြည်သူအင်အား ၄၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပြီးတော့ ဒူးထောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
“သူတို့တွေက ရှုံးမှန်းသိလျက်နဲ့ ရှေ့ဆက်တိုးနေရင် ကျနော်တို့ကလည်းနိုင်မှာသိလို့ ဆက်တိုက်ကြရမှာပါ။ ကျနော်တို့ နိုင်တော့မှာပါ။ အနစ်နာခံကြတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ ဝန်ထမ်းတွေရဲ့အသက်ကိုပြန်ကြည့်ပေးကြပါ၊ သွေးမအေးကြပါ နဲ့ အရေးတော်ပုံအောင်ရမယ်” လို့ ဒူးထောက်ကမ်းပိန်းမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
ပုဇွန်တောင်မြို့နယ် ရေကျော်မှာတော့ အရင်လို လူအင်အားအလုံးအရင်းနဲ့ ဆန္ဒပြလို့မရပေမဲ့ ရပ်ကွက်တွေထဲ လမ်းတွေထဲမှာ ပြည်သူတွေစုရုံးပြီး ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။