မော်လမြိုင်မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ မွန်လူငယ်တွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မော်လမြိုင်မှာတော့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လို့ မရအောင် အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကြပ်ထားတဲ့ ပြောက်ကျားစနစ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ရပါတယ်။
ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မွန်လူငယ်တွေကတော့ အာဏာရှင်စနစ် ကျဆုံးရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ ပါတယ်။
ဒါအပြင် မတရားဖမ်းဆီးခံရသူများ လွှတ်ပေးရေးဖို့နဲ့ အမျိုးသားတန်းတူညီညွတ်ရေး အတွက်လည်း ဝောာင်းဆို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။