မော်လမြိုင် မီးရထားဝန်ထမ်းများကို လိုင်းခန်းကနေ ရွှေ့ပြောင်းခိုင်း
DVB
·
March 23, 2021
အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ မော်လမြိုင်မြို့က မီးရထားဝန်ထမ်းတွေကို အကြမ်းဖက်စစ်အုပ်စုက နေအိမ်လိုင်းခန်းတွေကနေ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေပါတယ်။
CDM မှာ ပါဝင်ထားတဲ့ မီးရထားဝန်ထမ်းတွေကို အကြမ်းဖက် စစ်အုပ်စုက အလုပ်ပြန်မဆင်းရင် လိုင်းခန်းကနေ ဆင်းပေးဖို့ ဖိအားပေးခဲ့တာပါ။
ဒါကြောင့် မတ်လ ၂၃ ရက် မနက်ပိုင်းကစပြီး မီးရထားဝန်ထမ်းအများစု လိုင်းခန်းကနေ ပြောင်းရွှေ့ပေးနေကြပါတယ်။
မော်လမြိုင်က မီးရထားဝန်ထမ်းတွေဟာ အာဏာသိမ်း စစ်အုပ်စုကို လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်မှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ထားပါတယ်။