စစ်အာဏာရှင်ဆန့်ကျင်ရေး ဟုမ္မလင်းညသပိတ်ကို အကြမ်းဖက်စစ်အုပ်စုက သေနတ်ပစ်ဖောက် လူစုခွဲ
DVB
·
March 23, 2021
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ မတ်လ ၂၂ည ၇ နာရီက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက သေနတ်ပစ်ဖောက် လူစုခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟုမ္မလင်းဒေသခံတဦးက “ကျနော်တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ကိုရပ်ကွက်အလိုက်ပြုလုပ်တယ်။ အကြမ်းဖက်စစ်တပ်က သေနတ်နှစ်ချက်ဖောက်ပြီး လူစုခွဲပါတယ်။ ရပ်ကွက်က သံဗုံးတီးကြတယ်။ ဆန္ဒပြသူတွေ ရှောင်ပုန်းကြတယ်။ အထိအခိုက်ဒဏ်ရာရတာ မရှိပါဘူး” လို့ ပြောပါတယ်။
ဟုမ္မလင်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်းရေး ညသပိတ်ကို ရပ်ကွက်တော်တော်များများမှာ ညစဉ် ပြုလုပ်နေကြတာပါ။