စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့မှာ အထက်တန်းကျောင်းဝင်းအတွင်း မူလတန်းကျောင်း အုပ်သင်တန်းပေးနေတာကို CDM ဆရာ/ဆရာမတွေက ကျောင်းရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
မတ်လ ၂၂ ရက်နေ့ ကစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြတဲ့ CDM ဆရာ ဆရာမများ သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က ဖြိုခွဲခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ဆရာဆရာမတွေကို စာသင်ခန်းတွေ ပြန်လည်ဝင်ရောက်ဖို့ CDM မလုပ်ကြဖို့ ဖိအားပေးခိုင်းစေတာတွေရှိပေမဲ့ ထီးချိုင့်မြို့က ဆရာတရာမတွေကတော့ CDM ကိုအဆုံးထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ ဆရာ ဆရာမတွေကိုလည်း လက်ခံသွားမှာမဟုတ်ဘူးလို့ဆို ပါတယ်။