စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ထွေအုပ်ရုံးက အကြီးတန်းစာရေး ၃ ဦးအပါအဝင် ရုံးစောင့်အထိ ၁၅ ဦးကို အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်လိုခြင်မရှိလို့ စစ်အာဏာဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့အတွက် မတ်လ ၁၇ ရက်စွဲနဲ့ အလုပ်က စာထုတ်တာပါ။
ထုတ်ပြန်စာထဲမှာတော့ ဝန်ထမ်း ၁၅ ဦးဟာ နိုင်ငံ့ဝန်ထမ်းဥပဒေ (၃၈)၊ နိုင်ငံဝန်ထမ်းနည်းဥပဒေများအပိုဒ် (၁၆၃)၊ အပိုင်ခွဲ (ဖ) တို့ပါ ပြဌာန်းချက်တွေကို မလိုက်နာဘဲ ခွင့်မဲ့ပျက်ကွက် ကျူးလွန်ခဲ့တာကြောင့် အလုပ်က ထုတ်ပယ်လိုက်တာလို့ ဖော်ပြထားပါတယ်။