ဘားအံတွင် ဆိုင်ကယ်ဖြင့် ပျောက်ကြား ညသပိတ်ဆင်နွှဲ
DVB
·
March 21, 2021
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မတ်လ ၂၀ ရက် ညပိုင်းက စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေ အင်အားသုံး လိုက်လံဖမ်းဆီးနေတဲ့ကြားက အာဏာရှင်ကျဆုံးရေး ဆိုင်ကယ်ညသပိတ်ဆန္ဒပြပွဲကို G-Z လူငယ်တွေက ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေဟာ ဆန္ဒပြသူတွေ၊ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို နေ့၊ည လိုက်လံဖမ်းဆီးနေတဲ့အပြင် ညသပိတ်ဆန္ဒပြသူတွေနဲ့ မီးထွန်းဆုတောင်းသူတွေကို အပြန်လမ်းမှာ စောင့်ဆိုင်းဖမ်းဆီးနေတဲ့ကြားက G-Z လူငယ်တွေ ပျောက်ကြားစနစ်နဲ့ မြို့တွင်းလှည့်လည်ဆန္ဒပြခဲ့တာပါ။