မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်က သပိတ်စစ်ကြောင်းကို မတ် ၂၀ ရက်နေ့က ရဲနဲ့စစ်တပ်လာရောက်ပြီး သေနတ် ၈ ချက်ဖောက်ဖြိုခွင်းခဲ့တာကြောင့် ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆန္ဒပြသူ ၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပေမယ့် ခံဝန်ချက်နဲ့ ချက်ချင်းပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးက အဖမ်းအဆီးတွေကြားထဲမှာ ရုန်းရင်းကန်ရင်းနဲ့ လက်ဆစ်ပြုတ်သွားတာလို့ သိရပါတယ်။
ရေစကြိုမြို့မှာတော့ စစ်အာဏာရှင်စနစ် ကန့်ကွက် ဆန္ဒပြတာတွေကို နေ့စဉ်နဲ့အမျှ မြို့ပေါ်မှာရော ကျေးရွာတွေမှာပါ လုပ်ဆောင်နေကြတာပါ။