Home
မြန်မာသတင်း
တောထဲတိမ်းရှောင်နေရသည့် တည်တော ရွာသူ/သားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ
DVB
·
March 20, 2021
DVB News Web01

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာသူ ကျေးရွာသားတွေဟာ မတ်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရဲနှစ်ယောက်သေဆုံးခဲ့တဲ့ ပြဿနာကြောင့် တောထဲ တိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီတပ်တွေက ရွာအဝင်အထွက်လမ်းကို ပိတ်ဆို့တားဆီးပြီး ရွာအတွင်းဝင်ကာ သေနတ်နဲ့ပစ်ခတ်တာတွေ၊ ဖမ်းဆီးတာတွေပြုလုပ်တဲ့အတွက်ကြောင့် ကလေးသူငယ်ကစ မိသာစုတွေအားလုံး အိုးပစ်အိမ်ပစ်နဲ့‌ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ရွာလေးဟာ ချောင်ပိတ်မိနေပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာထဲ ဝင်လို့မရသွားလို့ မရတဲ့အနေအထားမှာ စားဝတ်နေရေးခက်ခဲပြီး တောထဲမှာခြင်ကိုက်ခံနေရတယ်။ ရေဆိုလည်း ကောင်းကောင်းသောက်လို့မရတဲ့ အနေအထားဖြစ်နေပါပြီ။ ဒါကြောင့် ရွှေဘိုမြို့နယ်၊ ဒီ ပဲယင်းမြို့နယ်ကရွာတွေအားလုံးက ဒီတည်တောရွာလေးကို ဝိုင်းဝန်းကူညီပေးကြပါ။ စစ်ကောင်စီရဲ့အကြမ်းဖက်အဖွဲ့ကိုလည်း မောင်းထုတ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” လို့ ထွက်ပြေးတိမ်းရှောင်နေသူရွာသားတစ်ဦးက ပြောပါတယ်။

တည်တောကျေးရွာအနီးမှာ မတ်လ ၁၈ ရက်နေ့က ဒီပဲယင်းမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြန်လာတဲ့ လူအုပ်စုနဲ့ ရဲသုံးယောက်တို့ ထိပ်တိုက်တွေ့ဆုံပြဿနာဖြစ်ကာ ရဲနှစ်ယောက်သေဆုံးတာနဲ့ပတ်သက်ပြီး အာဏာသိမ်း အကြမ်းဖက်စစ်တပ်က ရွာအတွင်းသေနတ်ပစ်ခတ်တာတွေ ရွာသားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024