မော်လိုက်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တကိုယ်တော်ဆန္ဒပြ
DVB
·
March 19, 2021
မော်လိုက်မြို့မှာ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မရှိတော့ပေမဲ့ မတ် ၁၈ ရက်က မြို့လယ်နာရီစင်ရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက မြို့ပေါ်တွေအပြင် ရွာတွေအထိ လိုက်လံ တားဆီးရေးတွေ လုပ်နေတာပါ။
ခုချိန်ထိ သပိတ်မှာ ဦးဆောင်ပါဝင်သူ တယောက်မှ အဖမ်းမခံရသေးဘဲ မတ် ၈ ရက်ကစလို့ သပိတ်မလုပ်ဖြစ်တော့ဘူးလို့ ဒေသခံက ပြောပါတယ်။