စစ်တပ်ကအာဏာသိမ်းပြီး ၄၅ ရက်အကြာ တောင်တွင်းကြီးမြို့မှာ ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ခံရသူပေါင်း ၈ ဦးအထိရှိလာပြီလို့ တောင်တွင်းကြီးရဲစခန်းက စုံစမ်းသိရှိရပါတယ်။
အမှုဖွင့်ခံရသူတွေထဲမှာ ဆရာဝန် ၁ ဦး၊ မီးရထားဒုရုံပိုင် ၁ ဦးနဲ့ အရပ်သား ၆ ဦးတို့ ဖြစ်ကြတယ်လို့ အဖမ်းခံရသူတွေအတွက် အခမဲ့လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ရှေ့နေတွေက ပြောပါတယ်။
တောင်တွင်းကြီးမြို့မှာ စစ်တပ်နဲ့ရဲက အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်းဆန္ဒပြသူတွေကို လမ်းမတွေပေါ်နဲ့ ဈေးဆိုင်တွေအတွင်းဝင် ရောက်ဖမ်းဆီးတာတွေရှိနေလို့ ဆန္ဒပြတဲ့အထဲမှာ ဦးဆောင်ပါဝင်သူတွေဟာလည်း တိမ်းရှောင်နေကြပါတယ်။
ဖမ်းဆီးခံရသူအချို့ရှိနေပြီး ဖမ်းဆီးခံရစဉ်မှာလည်း ညှဉ်းပန်းနှိပ်စက်ခံရမှုတွေရှိတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက DVB ကို ပြောပါတယ်။
ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ခံရသူအချို့ကို တောင်တွင်းကြီးမြို့ ရဲစခန်းအချုပ်နဲ့ မကွေးမြို့နယ်ဒေါင်းနေထောင်မှာ သီးသန့်ထားရှိတယ်လို့ သိရှိရပါတယ်။