နတ်မောက်မြို့တွင် စစ်အာဏာရှင်ကျဆုံးရေး ပြည်သူထောင်ချီ ဆန္ဒပြ
DVB
·
March 18, 2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ မတ်လ ၁၈ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူဦးရေထောင်ချီ ဆန္ဒပြခဲ့ကြတယ်လို့ နတ်မောက်ဒေသခံတွေဆီကနေ သိရပါတယ်။
ဆန္ဒပြပွဲမှာ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ မြို့ပေါ်နဲ့ ကျေးရွာဘက်တွေက ဒေသခံပြည်သူ ၁၀၀၀ ကျော် ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြတဲ့သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ဖြိုခွင်းမယ်လို့ သတင်းရတာကြောင့် အချိန်မီ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။