DVB
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကြပ်ထားသော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲက လိုက်လံဖြိုခွင်းတာတွေရှိလို့ ပြောက်ကျားစနစ်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲကာ မြို့ပေါ်လူစည်ကားတဲ့နေရာတွေမှာ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၁၄ ရက်နေ့ ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က ရပ်ကွက်တွေထဲထိ သေနတ်ပစ်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသား ၂ ဦး သေဆုံးခဲ့ပေမယ့် ပြည်သူတွေက ဆန္ဒပြမပျက်သွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၉ ရက်မြောက်နေ့ရှိပြီလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၉ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၆ ကြိမ်ရှိပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ - CJ