မိုးကုတ်မြို့မှာ မတ်လ ၁၂ ရက် ည ၁၀ နာရီလောက်က ရဲနဲ့စစ်သားတွေ အင်အားအလုံးအရင်းနဲ့ ရပ်ကွက်တွေထဲဝင်လာပြီး ကင်းသမားတွေကို လိုက်လံဖမ်းဆီးရာ ၅ ယောက် ဖမ်းဆီးခံရပြီး တစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ရပ်ကွက်တချို့မှာတော့ သေနတ်နဲ့ပစ်သံ ကြားရပြီး ရဲနဲ့စစ်သားတွေဟာ မိုးကုတ်မြို့က လမ်းတွေမှာ ဝင်ရောက်လာတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
ကင်းသမားတွေကို အိမ်ထဲ အထိဝင်ဖမ်းကြပြီး ရေနွေးခွက်တွေကို ရိုက်ခွဲသွားတယ်လို့လည်း သိရပါတယ်။
မိုးကုတ်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ မယ်နန်းကြည်တောင်ပေါ်မှာ မတ်လ ၁၂ ရက် ဒီနေ့ည ည ၇နာရီဝန်းကျင်ကနေ ည ၁၁ နာရီအထိ မီးလောင်နေဆဲဖြစ်ပြီး တောမီးလို့ယူဆရပါတယ်။