တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ CDM ဝန်ထမ်းတွေကို အလုပ်ပြန်မဆင်းပါက ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ မတ် ၁၁ ရက်နေ့မှာ လာရောက် ပြောကြားခဲ့တယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
"အလုပ်ပြန်မဆင်းရင် ဝန်ထမ်းအိမ်ရာတွေကနေ စနေနေ့နောက်ဆုံး နေခွင့်မရှိဘူး" ဆိုပြီး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဆေးရုံဝန်ထမ်းတွေဟာ သူတို့ရဲ့ အိမ်ထောင်ပစ္စည်းတွေကို ဒီနေ့ စတင် ရွှေ့ပြောင်းနေကြပါတယ်။
ဝန်ထမ်းအိမ်ရာမှာ နေထိုင် နေတဲ့ဆေးရုံဝန်ထမ်းတွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက် ၄ ရက် နေ့ကစတင်ပြီး မြို့နယ်ဆေးရုံအုပ်ကြီးအပါအဝင် ဆေးရုံဝန်ထမ်း အများစု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပူးပေါင်းပါဝင်ပြီး ဆေးရုံပိတ်ထားတာလည်း ဖြစ်ပါတယ်။