Home
မြန်မာသတင်း
ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင် ရာထူးကနုတ်ထွက်
DVB
·
March 11, 2021
157768929_1066304020520607_444137837116163678_o

ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်ဟာ မတ်လ ၁၁ ရက်နေ့က စတင်ပြီး ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ သန်းထွန်းအောင်ဟာ မိသားစုရဲ့ ကျန်းမာ ရေးအခြေအနေအရ တာဝန်ဆက်လက်ထမ်းဆောင်ဖို့ အခက်အခဲ ရှိလို့ ရာထူးကနေ နုတ်ထွက်ခွင့်ပြုဖို့အတွက် စာထဲမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ရာထူးကနေ နုတ်ထွက်စာတင်ခဲ့တဲ့ ဒေါက်တာ သန်းထွန်းအောင်က သူရဲ့ သာမာန် တာဝန်တွေကို လက်ထောက်ညွှန်ကြားရေးမှူးဖြစ်တဲ့  ဒေါက်တာ စောမြခိုင်ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီ ပြုလုပ်တဲ့ အစည်းဝေးတက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူတွေအကြား ဝေဖန်ခံခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013