Home
မြန်မာသတင်း
တပ်မတော်က ဗိုလ်ကြီး ၁ ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်လာ
DVB
·
March 11, 2021
159267048_203286114881049_3304735919853179472_o

ရန်ကုန်မှာရှိတဲ့ တပ်မတော် ခြေလျင်တပ်ရင်းတခုက ဗိုလ်ကြီးတယောက်ဟာ စစ်ကောင်စီအစိုးရ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့ဇာတိ ဗိုလ်ကြီး ရှိန်းလိန်းဟာ မတ် ၉ ရက်က စတင် CDM လုပ်ခဲ့တာဖြစ်ပါတယ်။

“ဖိအားပေးတာ မရှိသေးပါဘူး။ ခွင့်မဲ့ကြေညာရလိမ့်မယ်ဆိုပြီး ပြန်လာခဲ့ဖို့ ခေါ်တာပဲ ရှိပါသေးတယ်” လို့ သူက ပြောပါတယ်။

သူ့ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေလည်း “တပ်ထဲမှာနေပြီး CDM လုပ်လို့၊ စစ်ကောင်စီအစိုးရကို မထောက်ခံကြောင်း ပြောလို့ ပြလို့ ဘယ်လိုမှအဆင်မပြေပါဘူး။ ဒါကြောင့် CDM လည်း လုပ်ရင်း ပြောချင်တာ ပြောရဖို့အတွက် တပ်ပြင်ခဏထွက်တဲ့ သဘောပါ။ 

ပထမအဆင့်အနေ့နဲ့ profile ပုံချိန်းပြီး CDM လုပ်ကြောင်း လူသိရှင်ကြားကြေငြာပြီးပါပြီ။ ကျနော့်ခံယူချက် အသေးစိတ်ကို စာနဲ့ရယ် စာမဖတ်တတ်တဲ့သူတွေအတွက် စကားနဲ့ရယ် တင်ပြချင်ပါသေးတယ်။ ဒါပြီးရင် ကျနော်လုပ်စရာကုန်ပြီ။ တပ်က အရေးယူတာကို ခံဖို့အသင့်ပါ။ 

စစ်ပြေး/ခွင့်မဲ့လုပ်တာ မဟုတ်တဲ့အတွက် တပ်နဲ့မနီးမဝေးနေရာမှာပဲ ရှိနေပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက စစ်တပ်က ပြည်သူကို ရန်သူလို သဘောထား မထားသည် ကျနော့်ကို ဘယ်လို အရေးယူသလဲ ဆိုတဲ့အပေါ်ကြည့်ပြီး ဆုံးဖြတ်လို့ရနေတာပါပဲ။ ဥပမာ CDM ဆိုတာ ပြည်သူဘက်က ရပ်တည်တာပူးပေါင်းတာ။ ဒါကို ရန်သူနဲ့ပတ်သက်တဲ့ပုဒ်မနဲ့ အရေးယူတာမျိုး။ 

ဘယ်လိုပဲ အရေးယူယူ ကျနော်ခံယူပါမယ်။ အဓိကက ဒီစစ်ကောင်စီအစိုးရရဲ့အောက် တာဝန်မထမ်းဆောင်ရဖို့ပဲ။ နိုင်ငံအတွက် အသက်တောင်ပေးဖို့ သစ္စာဆိုထားသူက ထောင်ကျဖို့လေးကို ကြောက်နေမယ်ဆို သိပ် အဆင်မပြေဘူး” လို့ ရေးသားထားပါတယ်။

ပြီးတော့ “ကျနော့်ရဲဘော်ရဲဘက်တွေညီအစ်ကိုတွေကို ချစ်ပါတယ် လို့။ သူတို့ကို မုန်းလို့ CDM လုပ်တယ် မှတ်ပြီး အတင်းချော့နေကြလို့ ငိုလိုက်ရသေးတယ်။ သူတို့ကို မမုန်းတဲ့အကြောင်း ပြောပေးပါ” လို့လည်း ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024