မဇ္ဈိမမီဒီယာရဲ့ ရန်ကုန်ရုံးကို စစ်တပ်၊ ရဲ အင်အားအများအပြားနဲ့ မတ်လ ၉ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ မဇ္ဈိမမီဒီယာက ထုတ်ပြန်ကြေညာပါတယ်။
မဇ္ဈိမသတင်းဌာနအနေနဲ့ အဆိုပါရုံးကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အသုံးပြုခြင်းမရှိတော့ဘူးလို့လည်းဆိုပါတယ်။
သန်လျင် Star စီးတီးမှာရှိတဲ့ မဇ္စျိမသတင်းဌာနကို ရုံးခန်းကို ရဲနဲ့ စစ်တပ်ပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကားအစီးရေ ၁၀ ကျော် အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စီးနင်း ရှာဖွေခဲ့တာဖြစ်ပြီး သတင်းသမားတွေကတော့ ဖမ်းဆီးခံရခြင်းမရှိဘူးလို့ သိရပါတယ်။
အလားတူ ကမာရွတ်မြို့နယ် စံရိပ်ငြိမ် ၆ လမ်းမှာရှိတဲ့ Kamayut Media ရုံးကိုလည်း ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်က စစ်ကား ၇ စီးလောက်နဲ့ အကြမ်းဖက်ဝင်ရောက်ပြီး ရုံးတွင်း ရှိနေသူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ရုံးထဲမှာ ၂ နာရီနီးပါး ဝင်ရောက်ရှာဖွေခဲ့ပြီး ရုံးပစ္စည်းတွေအတော်များများကို စစ်တပ်ကသိမ်းယူသွားတယ်လို့ ကမာရွတ်မီဒီယာက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သတ်ပြီး လိုက်လံ စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။
မနေ့ကလည်း Myanmar Now သတင်းဌာနကို ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
DVB ၊ Mizzima ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နဲ့ 7 Day သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Photo- Mizzima