Home
မြန်မာသတင်း
အင်းစိန်တွင် ရပ်ကွက်များထဲ ရဲနှင့်စစ်တပ် ဝင်ရောက်ပစ်ခတ်မှုကြောင့် ၄ ဦး ဒဏ်ရာရ
DVB
·
March 9, 2021
158973161_1329828107388328_2165398939362503135_n
158935877_3948561768534619_2766465511206097406_n
158849113_3948558691868260_4063848781265234925_o
158745628_3948559291868200_3719865306192385706_o
158544474_3948560295201433_6570263943404016069_o
158544473_3948559875201475_2754691097771316115_o

ဒီနေ့ညနေ ၄ နာရီလောက်က အင်းစိန်မြို့နယ် ညောင်ပင်လမ်းနဲ့ ဘူတာရုံလမ်းနားမှာ ရဲနဲ့စစ်တပ်က ဝင်ရောက်ပစ်ခတ်တာကြောင့် လူ ၄ ယောက်ဒဏ်ရာရသွားပါတယ်။

ရပ်ကွက်က ဆန္ဒပြသူတွေ လုပ်ထားတဲ့ အရံအတားတွေကို ရှင်းလင်းချိန် ဝင်ရောက်ပစ်ခတ်သွားတာဖြစ်ပြီး ၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။ 

ဒါ့အပြင် ညနေ ၃ နာရီလောက်ကလည်း အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက်၊ သီရိလမ်း (ရုပ်ရှင်ရုံလမ်း) ထဲအထိ စစ်တပ်နဲ့ရဲ အင်အားတစ်ရာနီးပါး ဝင်ရောက်သေနတ်ဖောက် အကြမ်းဖက်သွားတယ်လို့ ပြည်သူတွေက ပြောပါတယ်။

သေနတ်နဲ့အသံဗုံး ၁၅ ချက်လောက်ဖောက်ပြီး မကြားဝံ့မနာသာ ဆဲဆို ရမ်းကားသွားတယ်လို့ ဆိုပါတယ်။

အတားအဆီးတွေ၊ လမ်းပေါ်မှာ တပ်ထားတဲ့တံခါးတွေကို ရိုက်ချိုးဖျက်ဆီးပြီး လမ်းပေါ်ချထားတဲ့ သဲအိတ်တွေကိုလည်း ဓားတွေနဲ့ ထိုးခွဲသွားသလို လမ်းထိပ်က ဆိုင်ကယ်သုံးစီးကိုလည်း ရဲတွေက ကားပေါ်တင်ပြီး ယူသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024