Home
မြန်မာသတင်း
ဟင်္သာတမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒပြပြည်သူ ၂၁ ဦးအနက် ၁၉ ဦး ပြန်လွတ်
DVB
·
March 8, 2021
159149587_1941534539318102_3940191879726861845_n
158365657_1941534582651431_467766554341983924_n
158282018_1941534469318109_6876869324290334376_n
157368782_1941534622651427_3189457332252056060_n

ဟင်္သာတမြို့မှာ  မတ်လ ၈ ရက်မနက်က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့ပြီး မနက် ၁၀ နာရီလောက်မှာ ၂၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ 

ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့ကို  မြို့ခံပြည်သူတွေနဲ့မြို့မိ မြို့ဖတွေက ဟင်္သာတရဲစခန်းကိုသွားရောက် တောင်းဆိုခဲ့ရာ ဖမ်းဆီးခံထားရသူ ၁၉ ဦးကို နေ့လည်  ၂ နာရီမှာ ခံဝန်နဲ့ ပြတ်လွှတ်လိုက်တယ်လို့ သိရပါတယ်။

ကျန် ၂ ဦးကိုတော့  သက်ဆိုင်ကစစ်ဆေးနေပြီး ဘယ်လို အရေးယူမူတွေ လုပ်ဆောင်မယ် ဆိုတာကိုတော့ အတိအကျမသိရဘူးလို့ လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

ဟင်္ဟာတခရိုင်အတွင်း စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ  ဒီနေ့အထိ လူပေါင်း ၃၀ ကျော်ကို ဖမ်းဆီးထားပြီး တချို့မှာ မိသားစုနဲ့အဆက်အသွယ် မရရှိကြသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024