Home
မြန်မာသတင်း
အင်းစိန်ပေါက်တောဝ၊ ဘုရင့်နောင်လမ်း သပိတ်လူငယ်များ လမ်းပေါ်ပြန်ထွက် ဆန္ဒပြ
DVB
·
March 8, 2021
158453476_3945976015459861_3963755965157257182_o
158442003_3945975505459912_4211826999939950409_o
158272783_3945976942126435_2477636330092475357_o
157970451_3945975112126618_4875155523537488381_o
157715879_3945978192126310_3551752080084284583_o
157608029_3945977258793070_7293256631233540387_o
157530459_3945977742126355_8853279235356472974_o
157212502_3945974648793331_2629230772233967322_o

စစ်တပ်နဲ့ ရဲ ပြန်ဆုတ်သွားတဲ့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်းစိန်ပေါက်တောဝ၊ ဘုရင့်နောင်လမ်းသပိတ်လူငယ်တွေ မွန်းလွဲ ၂ နာရီမှာ လမ်းပေါ်ပြန်တက်ပြီး ဆက်လက်ဆန္ဒပြနေကြပါတယ်။

မနက်ပိုင်းကတည်းက စစ်တပ်နဲ့ရဲဝင်လာပြီး အသံဗုံးတွေဖောက် လု့ခြုံရေးယူခဲ့တာကြောင့် လူငယ်တွေဟာ သပိတ်မှောက်ဖို့ အခွင့်မသာဖြစ်ခဲ့ပါတယ်။

မွန်းလွဲတစ်နာရီခွဲလောက်မှာ စစ်တပ်နဲ့ရဲရဲ့ ကင်းတွေ ပြန်ဆုတ်သွားတဲ့အတွက် လူငယ်တွေ လမ်းမပေါ်ပြန်ထွက်လာတာဖြစ်ပါတယ်။

ပေါက်တောဝမှ ာကင်းတွေပြန်ဆုတ်တယ်ဆိုပေမယ့် အင်းစိန်ထောင်ရှေ့ လမ်းမတလျှောက်မှာတော့ စစ်တပ်နဲ့ရဲကားတွေ သွားလာနေတုန်းဖြစ်ပါတယ်။

အင်းစိန်ပေါက်တောဝ၊ ဘုရင်နောင်လမ်းသပိတ်ကို မတ်လ ၃ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ဒီနေ့ဟာ ၆ရက်မြောက်နေ့ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024