မတ်လ ၈ ရက်နေ့၊ မနက် ၉ နာရီ လောက်က အင်းစိန်ပေါက်တောဝ၊ ဘုရင်နောင်လမ်း သပိတ်မစတင်ခင်မှာပဲ စစ်တပ်နဲ့ရဲ ရောက်လာပြီး အသံဗုံး လေးချက်ဖောက် လူစုခွဲခဲ့ပါတယ်။
စစ်ကားလေးစီး၊ ရဲကားနှစ်စီး၊ အချုပ်ကားတစ်စီး၊ Double Cap တစ်စီးနဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်။
သပိတ်မှောက်ဖို့ ပြင်ဆင်နေကြတဲ့ လူငယ်တွေဟာ ရပ်ကွက်လမ်းတွေထဲကို ပြေးဝင်ခဲ့ကြရပါတယ်။ လမ်းမပေါ်ရှိနေတဲ့သူတွေကို စစ်တပ်နဲ့ရဲက လိုက်ဖမ်းနေပါတယ်။
လမ်းထိပ်တွေတိုင်းမှာ စစ်တပ်နဲ့ရဲတွေချထားပြီး လမ်းမပေါ်မှာ လူမစုစေချင်တဲ့ သဘောကို တွေ့ရပါတယ်။
အင်းစိန်ပေါက်တောဝ၊ ဘုရင်နောင်လမ်းသပိတ်ကို မတ်လ ၃ ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီး ဒီနေ့ဟာ ၆ ရက်မြောက်နေ့ဖြစ်ပါတယ်။