Home
မြန်မာသတင်း
ဝန်ထမ်းချေးငွေ ၂ လစာကို ပြန်ဆပ်ရန်မလိုသည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်
DVB
·
March 8, 2021
Untitled-1

နိုင်ငံ့ဝန်ထမ်းတွေကိုအတိုးမဲ့ ချေးငွေအနေနဲ့ အရပ်သားအစိုးရက ကြိုတင်ထုတ်ချေးထား ခဲ့တဲ့ ချေးငွေ ၂ လစာကို ပြန်ဆပ်ဖို့မလိုတဲ့ ချီးမြှင့်ငွေအဖြစ် သတ်မှတ်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ထုတ်ပြန်ထားပါတယ်။

မတ် ၈ ရက် ရက်စွဲနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးက အမိန့်ကြေညာစာအမှတ် ၁/၂၀၂၁ နဲ့ ထုတ်ပြန်တဲ့ အဆိုပါထုတ်ပြန်ချက်ထဲ မှာတော့ လတ်တလော အချိန်ကာလမှာ ကိုဗစ်-၁၉ ကပ်ဘေးရောဂါ ဆက်လက်ဖြစ်ပွား နေတဲ့အပြင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသဖြင့် အဓမ္မသိမ်း ပိုက်ရယူထားတဲ့ ကာလဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးကို ရှေးရှုပြီး အဆိုပါချေးငွေကို ပြန်လည်ပေးဆပ်ဖို့မလိုတဲ့ ချီးမြှင့်ငွေအဖြစ် သတ်မှတ်လိုက် ကြောင်း ဖော်ပြထားတာပါ။

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်းဝန်ထမ်း)တွေအတွက် လစာရဲ့ ၂ လစာငွေကို အတိုးမဲ့ ကြိုတင်ထုတ်ချေးပေးတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်နေ့က ထုတ် ချေးပေးခဲ့တာ ဖြစ်ပါတယ်။ ပြန်ဆပ်ဖို့ ဆိုင်းငံ့ကာလကိုတော့ ၆ လ သတ်မှတ်ထားခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ လအလိုက် ရာခိုင်နှုန်းနဲ့ တွက်ချက်ပြီး တနှစ်ပြည့်တဲ့အထိ လ စာထဲကနေ ပြန် လည်ဖြတ်တောက်သွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီချေးငွေအစီအစဉ်မှာ တပ်မတော်သားတွေလည်း အပါအဝင်ဖြစ်ပြီး တပ်မတော် ဘက်က စာရင်းပေးပို့ထားပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဝန်ကြီးဌာနပေါင်း ၂၅ ခု ရှိနေပြီး အဆိုပါဝန်ကြီးဌာနတွေမှာ အ လုပ်လုပ်ကိုင်နေကြတဲ့ အစိုးရဝန်ထမ်းဦးရေ ၁ သန်းကျော်လောက် ရှိနေတာ ဖြစ်ပါ တယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013