ဖြူးမြို့နယ်တရားရုံးက ဒုမြို့နယ်တရားသူကြီး ၁ ဦးအပါအဝင် ထန်ထမ်း ၄ ဦး CDM မှာ ပူးပေါင်းပါဝင်လာပါတယ်။
ဖြူးမြို့နယ်တရားရုံးက. ဒုတိယမြို့နယ်တရားသူကြီး ဒေါ်ဇင်မေသူ၊ အငယ်တန်းစာရေး ဒေါ်မီမီလတ်၊ အငယ်တန်းလက်နှိပ်စက် ဦးအောင်မျိုးသက်၊ ရုံးအကူ ဝန်ထမ်း ဦးဟိန်းထက်ဇော်တို့ဖြစ်ပါတယ်။
"CDM ပါဝင်မှုသည် မိမိဆန္ဒဖြင့်သာ ပြုလုပ်ခြင်းဖြစ်ပြီး မိမိ အပေါ်တွင်သာ တာဝန်ရှိပါသည်။ မည်သူ့အပေါ်မျှ တာဝန်မရှိပါ။ မည်သူတစ်ဦး တစ်ယောက်နှင့်မျှလည်း သက်ဆိုင်ခြင်းမရှိပါ။ ကျွန်မအနေဖြင့် အခက်အခဲအချို့ဖြေရှင်းနေရခြင်းကြောင့် CDM ပါဝင်ရန် များစွာနောက်ကျခဲ့ခြင်းအပေါ် တောင်းပန်ပါတယ်။" လို့ အငယ်တန်းစာရေး ဒေါ်မီမီလတ်က ရေးသားထားပါတယ်။
ဖြူးမြို့နယ် ဒုတိယမြို့နယ်တရားသူကြီး ဒေါ်ဇင်မေသူဟာ လုပ်ခလစာထုတ်ယူမှုမရှိဘဲ CDM မှာ ပါဝင်နေတာဖြစ်ပြီး လုံခြုံမှု အခက်အခဲကြောင့် မဖော်ပြတာလို့ သိရပါတယ်။