မင်းလှမြို့နယ် ပညာရေးမှူးရုံးက ဝန်ထမ်း ၉ ဦး နဲ့ မင်းလှမြို့နယ် ဒုတိယမြို့နယ်တရားသူကြီးတို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်းမှာ မင်းလှမြို့နယ်မှာ ပညာရေးမှူးရုံးက ဝန်ထမ်း ၉ ဦး၊ ဒုတိယမြို့နယ်တရားသူကြီး ၁ ဦး၊ ထွေအုပ်ဝန်ထမ်း ၅ ဦး CDM မှာ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
မင်းလှမြို့နယ်မှာ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်း ၉၀၀ လောက် CDM ပြုလုပ်နေကြပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို ပြည်သူတွေက ဆက်လက်ဆန္ဒထုတ်ဖော်နေပါတယ်။