ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေစခန်းက ဒုရဲအုပ်တစ်ဦး မတ်လ ၆ ရက်နေ့က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတယ်လို့ သိရပါတယ်။
နတ်သံကွင်းနယ်မြေစခန်းက ဒုရဲအုပ်ဇင်မင်းထက်က စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအား မတရားအမိန့်ပေးပြီး ပြည်သူများအပေါ် ဥပဒေမဲ့ အကြမ်းဖက်သတ်ဖြတ်တာ၊ မတရားဖိနှိပ်စေခိုင်းတာတွေ ရှိနေတာကြောင့် စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတာကြောင့် CDM ပြုလုပ်ရတာလို့ ပြောပါတယ်။
ပြည်သူဆန္ဒနဲ့အညီ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရသစ်တရပ်ပြန်လည်ပေါ်ပေါက်လာမှ မူလတာဝန်များ ပြန်လည်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။
"အခုတော့ လုံခြုံတဲ့နေရာကိုရောက်နေပါတယ်။ မနေ့ကစပြီး CDM လုပ်တာပါ၊ လုံခြုံရေးအခြေအနေအရ ဒီနေ့မှာ ဆက်သွယ်းရတာပါ။"
ကျောက်ကြီးမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးအနေနဲ့ CDM ကို စတင်ပြုလုပ်လာခဲ့တာ ပထမဦးဆုံးဖြစ်ပါတယ်။