စစ်ကိုင်းတိုင်း ကလေးဝမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုမြို့နယ်ရဲတပ်မှူးတစ်ဦး မတ် ၆ ရက်ကစလို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာခဲ့ပါတယ်။
CDM မှာ ပါဝင်လာသူ ဒုရဲမှူး နိုင်ဝင်းက “အခု CDM လုပ်တယ်ဆိုတာ အာဏာသိမ်းစစ်တပ်အောက်မှာ အလုပ်မလုပ်ချင်တော့လို့ပါ။ စစ်တပ်က ရဲတပ်ဖွဲ့နဲ့ပြည်သူကို သွေးကွဲအောင် လုပ်နေပါတယ်။အခု ပြည်သူတွေကို သေနတ်ပစ်ခိုင်းတာလည်း ကျနော်တို့ ရဲတပ်ဖွဲ့လုပ်တာ မဟုတ်ပါဘူး၊ စစ်တပ်က ပစ်သတ်နေတာ။ ကျနော်တို့ ရဲတပ်ဖွဲ့ ထိုးကျွေးခံနေရတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဒီလိုအကြမ်းဖက်စစ်တပ်အာဏာသိမ်းအောက်မှာ အလုပ်မလုပ်ပါနဲ့” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်အချို့ဟာ မတ် ၆ ရက်နေ့ သတင်းတွေအရ CDM မှာပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် အများအပြားရှိလာပြီး ပထမဆုံး ဒုရဲမှူးတစ်ဦး ပါလာခဲ့တာ ဖြစ်ပါတယ်။