နေပြည်တော်မှာ လုံခြုံရေးတင်းကြပ်ထားတာကြောင့် လူစုဖို့ခက်ခဲနေပေမယ့် အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေနဲ့ လူငယ်တွေ ရတဲ့နည်း ဆန္ဒထုတ်ဖော် နေကြပါတယ်။
ယနေ့ မတ်လ ၆ ရက်နေ့မှာလည်း လူငယ်အင်အား ၅၀ ခန့်လောက်က ပျဉ်းမနားမြို့မစျေးနားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ အခုလို ခက်ခဲနေတဲ့ကာလမှာ ရရင်ရသလို အခုလိုမျိုးတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ရတဲ့ရည်ရွယ်ချက်က CRPH ရဲ့ လမ်းကြောင်းကို အထောက်အကူဖြစ်သလို CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေအတွက်လည်း အထောက်အကူဖြစ်ပါတယ်“ လို့ ဆန္ဒပြလူငယ်တစ်ဦးက ပြောပါတယ်။
အခုလို လုံခြုံရေးတင်းကြပ်ထားတာကြောင့် ဆန္ဒပြသူတွေဟာ ဆိုင်ကယ်တွေနဲ့ မြို့ထဲ မြို့ပြင် လမ်းတွေမှာ ပျောက်ကြားနည်းနဲ့ ဆန္ဒထုတ်ဖော်နေကြရပါတယ်။