လူငယ်တွေ ဦးဆောင်တဲ့ အင်းစိန် ပေါက်တောဝ ဘုရင့်နောင်လမ်း သပိတ်ကို မတ်လ ၆ ရက်နေ့ မနက် ၉ နာရီမှာ စတင်လိုက်ပါတယ်။
သပိတ်မှာ အင်းစိန်လူငယ်တွေဟာ ကုန်တင်တွဲကားတွေ၊ လမ်းပိတ်ဆို့တဲ့ အတားအဆီးတွေ၊ ထဘီတန်းတွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ပြင်ဆင်ထားကြပါတယ်။
မတ်လ ၅ ရက်နေ့ အင်းစိန် ပေါက်တောဝသပိတ်မှာ ထိခိုက်မှုတစုံတရာမရှိခဲ့ဘဲ သပိတ်မှာ ပါဝင်သူ ၅၀၀၀ ကျော်ရှိခဲ့ပါတယ်။
အင်းစိန် ကမ်းနား၊ ပေါက်တောဝ၊ ထောင်ဘူးဝ၊ ဈေးလမ်းတလျှောက် အတားအဆီးတွေကိုလည်း ပြည်သူတွေက ပြန်လည်ပြုလုပ်ထားပါတယ်။
အင်းစိန်၊ ပေါက်တောဝ-ဘုရင့်နောင်လမ်းပေါ်မှာ မတ်လ ၄ ရက်နေ့ကစပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လမ်းပိတ် သပိတ်ကို ဆင်နွှဲခဲ့တာပါ။
မတ်လ ၄ ရက်နေ့ အင်းစိန်သပိတ်မှာ ပါဝင်သူ သောင်းနဲ့ချီရှိခဲ့ပါတယ်။ မတ် ၄ ရက်နေ့ ပေါက်တောဝ သပိတ်မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးခွဲလို့ လူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မတ်လ ၃ ရက်နေ့က အင်းစိန်သပိတ်မှာ ပါဝင်တဲ့ ပြည်သူ ၃၇ ဦး အဖမ်းခံထားရပါတယ်။ ပြင်းထန်ဒဏ်ရာရသူ ၂ ဦး အပါအဝင် ဒဏ်ရာရသူ ၁၆ ဦး ရှိခဲ့ပါတယ်။