Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြ
DVB
·
March 5, 2021
157331253_2746937985522873_2691584627466725075_n
156544826_2746937928856212_8102990153101416891_n
156484363_2746937955522876_371244870673277877_n
156121771_2746938048856200_2033209362142452091_n
155550140_2746938015522870_6654158630094948137_n
155507757_2746938132189525_8256337533586128726_n
155474119_2746937865522885_1595426209118310456_n
155305330_2746937895522882_81425612191654673_n
155105367_2746938072189531_1559900451819114552_n
154969758_2746938102189528_300256413046765593_n

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို မတ်လ ၅ ရက်နေ့က ကျင်းပခဲ့ပြိး ပြည်သူအင်အား တစ်သောင်းလောက် ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဆန္ဒထုတ်ဖော်မှုမှာ ပြည်သူတွေက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ထုတ်ဖော်ခဲ့ကြသလို ဒီမိုကရေစီပြန်လည်ရရှိဖို့၊ ခေါင်းဆောင်တွေပြန်လွှတ်ပေးဖို့၊  အစိုးရဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့၊ တပ်ပိုင်ပစ္စည်းတွေ သပိတ်မှောက်ဖို့ စတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကောလင်းမြို့နယ်က စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြပွဲကို ပညာရေး၊ စည်ပင်ဌာနဝန်ထမ်း​တွေ၊ ကျန်းမာရေး၊ လျှပ်စစ်၊ သစ်ထုတ်လုပ်ရေး၊ မြေစာရင်းဌာနက ဝန်ထမ်းတွေ၊ ရှေ့နေအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ ပါဝင်ခဲ့ပါတယ်။ 

ဒါ့အပြင် ကုန်တင်ကုန်ချအလုပ်သမားတွေ၊ ဆန်စက်နဲ့ဆန်လုပ်ငန်းရှင်တွေ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနဝန်ထမ်းတွေပါ သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024