ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ်နှစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ကိုသက်ပိုင်စိုးလ/၂၂၀၇၉၇ နဲ့ ကိုတေဇာဖြိုးလ/၂၃၄၃၆၆ တို့ဟာ ပြည်သူပေးတဲ့ လစာ ကိုယူပြီး ဘဝမှာ လိပ်ပြာသန့်သန့်နဲ့ နေထိုင်ချင်တာကြောင့် CDM မှာ ပါဝင်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
CDM ပြုလုပ်တာကြောင့် ရဲဥပဒေနဲ့ ညှိစွန်းပါက ရာထူးကနေ ထုတ်ပယ်နိုင်သလို ထုတ်ပယ်တဲ့ပြစ်ဒဏ်ကိုလည်း ကျေနပ်စွာခံယူမှာဖြစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ ယူနီဖောင်း၊ ခဲယမ်းလက်နက်တွေ ဘာတစ်ခုမှ ယူဆောင်သွားခြင်း မရှိဘူးလို့ ဆိုပါတယ်။
ဗန်းမော်မြို့ ရဲတပ်ဖွဲ့ကနေ ဒုရဲအုပ်နှစ်ဦး CDM လှုပ်ရှားမှုမှာ ပထမဆုံး ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
မတ်လအတွင်း ဗန်းမော်မြို့ကနေ တခြားမြို့ တာဝန်ကျနေတဲ့ ဗန်းမော်ဒေသခံ ရဲနှစ်ဦးလည်း CDM မှာ ပါဝင်ထားကြပါတယ်။
ဇော်လင်းအောင်(ဗန်းမော်)