ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံခြားရေးနှင့်သံတမန်ရေးရာကိစ္စရပ်တွေ စီမံခန့်ခွဲဖို့ CRPHက တာဝန်ပေးအပ်လိုက်ပါတယ်။
CRPHက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့စွဲနဲ့ အမိန့်စာထုတ်ပြန်ပြီး တာဝန်ပေးအပ်လိုက်တာပါ။
နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား လက်ရှိ ဆောင်ရွက်နေတဲ တာဝန်ဝတ္တရားတွေအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးရာနဲ့ သံတမန်ရေးရာ ကိစ္စရပ်တွေကိုပါ စီမံခန့်ခွဲနိုင်ဖို့ CRPH ရဲ့ သဘောတူညီချက်နဲ့ တာဝန်ပေးအပ်လိုက်တာလို့ အမိန့်စာမှာ ဖော်ပြပါတယ်။